ဘု၇ားဂုဏ်တော်ကိုးပါး
အရဟံ
လူနတ်ဗြဟ္မာ ၊ သတ္တ၀ါတို့ထူးစွာအများ ၊ ပူဇော်ထားအပ်တရားမြတ်ကြောင့်အရဟံ မည်ထိုက်ပါပေသည်။
သမ္မာသဗ္ဗုဒ္ဓေါ
လုံးစုံအကြောင်း ၊ တရားပေါင်း၏အကြွင်းမရှိ ၊ သိတော်မူကြောင်းအကြောင်းကြောင့်ပင်သမ္မာသမ္ဗုဒ္ဓေါ မည်ထိုက်ပါပေသည်။
ဝိဇ္ဇာစရဏ သမ္ပန္နော
ဝိဇ္ဇာသုံးပါး ၊ ရှစ်ပါးဝိဇ္ဇာစရဏာတစ်ဆယ့်ငါးပြည့်စုံငြားကြောင့်ဝိဇ္ဇာစရဏ သမ္ပန္နောမည်ထိုက်ပါပေသည်။
သုဂတော
ကောင်းသောစကား ၊ ဆိုအပ်ငြားသည့်ဘုရားစင်စစ် ၊ ဖြစ်ခြင်းကြောင့်ပင်သုဂတော မည်ထိုက်ပါပေသည်။
လောက၀ိဒူ
သတ္တလောက ၊ သင်္ခါရနှင့်သြကာသလောက ၊ သုံးပါးမကကိုဖွင့်ဆိုရှင်းပြ ၊ သိနေမှုကြောင့်လောက၀ိဒူ မည်ထိုက်ပါပေသည်။
အနုတ္တရောပုရိဿဓမ္မသာရထိ
လူနတ်ဗြဟ္မာ ၊ သတ္တ၀ါအရေးယဉ်ကျေးစေတတ် ၊ ဂုဏ်ထူးမြတ်ကြောင့်အနုတ္တရောပုရိဿဓမ္မသာရတ္ထိမည်ထိုက်ပါပေ၏
သတ္တာဒေ၀မနုဿာနံ
လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ဆရာဖြစ်ဘိမူ ၊ အကြောင်းတူစွာသတ္တာဒေ၀မနုဿာနံမည်ထိုက်ပါပေ၏
ဗုဒ္ဓေါ
သစ္စာလေးပါး ၊ မြတ်တရားသိအကြောင်းငြိ၍ဗုဒ္ဓေါ မည်ထိုက်ပါပေ၏
ဘဂ၀ါ
ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တရှိခြင်းကပင်လျှင် ၊ ရှင်ပင်မြတ်မဟာဘဂ၀ါ မည်ထိုက်ပါပေ သည်တကားဘဂ၀ါ ရှိခိုးချီထိက်ပါပေ သည်တကားဘဂ၀ါ ရိုကျိုးပူဇော်ထိုက် ပါပေ သည်တကား ။ ။
( မင်းနရိန္ဒာ )
Thursday, July 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment